ကိုဗစ်တိုက်ဖျက်ရေး ရိုဟင်ဂျာ ဒုက္ခသည်တွေ ဦးဆောင်

ဗီဒီယို ပုံစာ, ကိုဗစ်တိုက်ဖျက်ရေး ရိုဟင်ဂျာ ဒုက္ခသည်တွေ ဦးဆောင်
ရေးသားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇားမြို့မှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဆိုးဆိုးဝါးဝါး ဖြစ်ပွားမှာကို စိုးရိမ်နေကြပါတယ်။

ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းရှိရာ ကော့ဇက်ဘဇားမြို့မှာ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းလောက် ပြိတ်သိပ်ပြီး နေနေကြရပါတယ်။

အဲဒီက ဒုက္ခသည် စခန်းမှာ လွန်ခဲ့တဲ့ ငါးလက ဗိုင်းရပ်စ်ပိုး ဖြစ်ပွားသူ ပထမဆုံး တွေ့ရှိခဲ့ပေမယ့် ပိုးရှိလူနာနဲ့ သေဆုံးသူ ဦးရေဟာ အံ့အားစရာကောင်းလောက်အောက်ကို နည်းပါးနေဆဲဖြစ်ပါတယ်။

လက်ရှိအချိန်ထိ အဲဒီမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၈ ဦးသာ ရှိပါသေးတယ်။

အခုနောက်ဆုံး ထုတ်ပြန်ချက်တွေအရ ကိုဗစ် အတည်ပြုလူနာ ၃၀၀ အောက်သာ ရှိပါတယ်။

အဲဒီမှာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ကာကွယ်တားဆီးရေးအတွက် ဒုက္ခသည် စေတနာ့ဝန်ထမ်းတွေရဲ့ လုပ်ဆောင်မှုကလည်း အင်မတန် အရေးပါပါတယ်။

ဘီဘီစီ သတင်းထောက် Ivana Scatola ရဲ့ သတင်းလွှာကို ကိုဘိုဘိုက ပြန်ပြောပြပေးမှာပါ။