သမ္မတ ကိုဗစ်ကူးခံရမှုနဲ့ အမေရိကန် နိုင်ငံရေး
ရေးသားခဲ့သည်။
အမေရိကန် သမ္မတဒေါ်နယ် ထရမ့်နဲ့ သမ္မတကော် မီလားနီးယား တို့မှာ ကိုဗစ် ၁၉ ကူးစက်ခံထားရတာကို စစ်ဆေး အတည်ပြုနိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက် ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ သတင်းကို ဒီကနေ့မနက်အစောပိုင်းတုန်းက တွစ်တာ လူမှုကွန်ရက်ကနေ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒေါ်နယ် ထရမ်နဲ့ အနီးစပ်ဆုံး လက်ထောက်တစ်ဉီးဖြစ်တဲ့ ဟုပ်ဟက်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရပြီးတဲ့နောက်မှာ သမ္မတနဲ့ သမ္မတကတော်တို့ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ် ဆိုတဲ့ သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် သမ္မတ တစ်ယောက် သီးခြားခွဲနေရချိန်မှာ ဘာတွေဆက်ဖြစ်လာနိုင်သလဲ။