ထရမ့်နဲ့ ဘိုင်ဒန် ပထမဆုံးအကြိမ် စကားစစ်ထိုး

ဗီဒီယို ပုံစာ, ထရမ့်နဲ့ ဘိုင်ဒဲန် ပထမဆုံးအကြိမ် စကားစစ်ထိုး
ရေးသားခဲ့သည်။

စက်တင်ဘာ ၂၉ ရက် ညပိုင်းက အမေရိကန် ပြည်ထောင်စုမှာ ကျင်းပမယ့် ၂၀၂၀ သမ္မတရွေး ကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပြိုင်ဘက် ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်တို့ ရုပ်မြင်သံကြားပေါ်မှာ ပထမဆုံးအကြိမ် စကားစစ်ထိုးခဲ့ကြပါတယ်။

ညဘက် ရုပ်မြင်သံကြား ကြည့်ရှုသူ အများဆုံး အချိန်မှာ မိနစ် ၉၀ လောက် လွှင့်ပေးခဲ့တာ ဖြစ်ပြီး တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် စွပ်စွဲ ပုတ်ခတ် ပြောဆိုခဲ့ကြပါတယ်။ ပြိုင်ဘက် ၂ ယောက်တို့ အကြား ကိုရိုနာဗိုင်းရပ်စ် အရေးကို ကိုင်တွယ်ပုံ၊ စီးပွားရေး၊ လူမျိုးရေးနဲ့ အသားအရောင် ခွဲခြားမှု၊ ကျန်းမာရေးနဲ့ တရားရုံးချုပ် ကိစ္စတွေပါ မကျန်အောင် ငြင်းခုံခဲ့ကြပါတယ်။

ကိုသိမ်းမြတ်က ပြောပြမှာပါ။