အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့ တရုတ်က မြွေမွေးသူတွေ

ဗီဒီယို ပုံစာ, အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့ တရုတ်က မြွေမွေးသူတွေ
ရေးသားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကြောင့် တရုတ် နိုင်ငံမှာ တောရိုင်း တိရစ္ဆာန်ရောင်းချမှုတွေကို တားမြစ်ထားပါတယ်။ ဒီဗိုင်းရပ်စ်ဟာ တိရစ္ဆာန်တွေဆီကနေ တဆင့် လူကို ဘယ်လို ကျယ်ကျယ်ပြန့်ပြန့်ကူးတာလဲ ဆိုတာကိုလည်း လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒါပေမယ့် တရုတ် နိုင်ငံရဲ့ ဒေသ တချို့မှာတော့ တောရိုင်း တိရစ္ဆာန် ဒါမှမဟုတ် ဆေးဖော်စပ်ဖို့ မြွေတွေကို မွေးမြူရောင်းချတာ ဟာ စီးပွားရေး အရ အတော်ကို အလုပ်ဖြစ်ခဲ့တာပါ။

အခုတော့ တားမြစ်ချက်တွေကြောင့် ဒီလုပ်ငန်း လုပ်ကိုင်သူ အတော်များများဟာ အလုပ်မရှိတော့ပါဘူး။ သူတို့ရဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ ဘီဘီစီ ရဲ့ အထူး သတင်းတစ်ပုဒ်ကို ကိုဘိုဘို က ပြောပြပေးမှာပါ။