အန္တာတိက ရေခဲပြင်ကို အမြန်အရည်ပျော်စေတဲ့ ရေစီးကြောင်းတွေ
ရေးသားခဲ့သည်။
အန္တာတိက တိုက်အနောက်ဘက်ပိုင်းက ရေခဲပြင်ကြီးအောက်မှာ အတော်အတန် နက်တဲ့ ရေစီးကြောင်းကြီးတွေကို စူးစမ်းလေ့လာရေးသမားတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အဲဒီရေစီးကြောင်းတွေထဲက တစ်ချို့ဟာ အင်မတန်နက်ရှိုင်းပြီး မီတာ ၈၀၀ လောက်အထိကို အနက်ရှိကြပါတယ်။ ရေခဲပြင် အရည်ပျော်မှုတွေ အလျင်အမြန် ဖြစ်ပေါ်နေတာကလည်း သမုဒ္ဒရာထဲက ရေပူတွေဟာ ဒီရေစီးကြောင်းတွေကနေ စီးဆင်းလာပြီး ရေခဲပြင်အောက်ကနေ ဖြတ်သွားတဲ့အတွက် ကြောင့် ဖြစ်တယ်လို့ လေ့လာရေး သမားတွေက ယူဆနေကြပါတယ်။ ဘီဘီစီ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာသတင်းထောက် ဂျက်စတင် ရိုးလက်ဒ် ရဲ့ သတင်းကို ကိုရင်မောင်က ပြောပြပေးမှာပါ။