ရီပတ်ဘလစ်ကန် သမ္မတလောင်းအဖြစ် ဒေါ်နယ်ထရမ့် တရား၀င်လက်ခံ
ရေးသားခဲ့သည်။
အမေရိကန် သမ္မတ အဖြစ် သူ့ကို ဒုတိယအကြိမ် ရွေးကောက်တင်မြှောက်ရင် အမေရိကန်ရဲ့ စီးပွားရေးကို ပြန်လည် တည်ဆောက်သွားမယ်လို့ မဲပေးမယ့် ပြည်သူတွေကို သမ္မတ ဒေါ်နယ်ထရမ့်က ကတိပေးလိုက်ပါတယ်။
အိမ်ဖြူတော် တောင်ဘက် မြက်ခင်းပြင်ပေါ်မှာ အင်မတန် များပြားတဲ့ လူစုလူဝေးကြီးကို မိန့်ခွန်းပြောကြားစဉ်မှာ မစ္စတာ ထရမ့်က သူ့ပြိုင်ဘက် ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်ဟာ အမေရိကန် အိပ်မက်ကို ဖျက်ဆီးနေတယ်လို့ ပြောခဲ့ပါတယ်။
အဲဒီအခမ်းအနားကို တက်ရောက်လာတဲ့ လူအနည်းငယ်လောက်ကပဲ နှာခေါင်းစည်း Masks တွေ တပ်ထားကြပါတယ်။
အပြည့်အစုံကိုတော့ ကိုရင်မောင်က ပြောပြပေးမှာပါ။