အမေရိကန်မှာ လူမည်း တစ်ဦးကို ရဲကပစ်ခတ်ခဲ့တာကို ဆန္ဒပြနေသူတွေ ဖြိုခွဲခံရ

ဗီဒီယို ပုံစာ, လူမည်း တစ်ဦး ထပ်မံ အပစ်ခံရလို့ ဆန္ဒပြနေသူတွေကို ရဲက ဖြိုခွဲ
ရေးသားခဲ့သည်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမေရိကန် နိုင်ငံ ဝစ္စကွန်ဆင် ပြည်နယ်က ကန်နိုရှာ မြို့မှာ လူမည်း အမျိုးသား ဂျဘ်ကော့ ဘလိတ်ဟာ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး သွားရတဲ့ အတွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ် နေပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကလည်း ဆန္ဒပြသူတွေကို သေနတ်နဲ့ ပစ်ခတ်မှုကြောင့် လူ ၂ယောက် သေဆုံးခဲ့ရပြီး ၁၇ နှစ်အရွယ် လူငယ်တစ်ဦးကို လူသတ်မှုနဲ့ အရေးယူထားပါတယ်။ အဲဒီမှာ မငြိမ်မသက်မှုတွေ ဖြစ်နေလို့ ပြည်ထောင်စု လုံခြုံရေး တပ်ဖွဲ့တွေကိုလည်း စေလွှတ်ထားရပါတယ်။

ရဲတွေရဲ့ လက်ချက်ကြောင့် လူမည်း အမျိုးသား တစ်ဦး ထပ်မံ သေဆုံးခဲ့ရတဲ့ အတွက် ဆန္ဒပြတွေ အကြီးအကျယ် ဖြစ်ပေါ်နေပါတယ်။ အဲဒီအတွက် အမေရိကန် တဝန်းက အားကစားပြိုင်ပွဲတွေ ကိုလည်း ရွှေ့ဆိုင်းလိုက်ရပါပြီ။ ကိုရင်မောင်က ပြောပြပေးမှာပါ။