ဘယ်လာရုစ်ရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်လို့ ဆန္ဒပြပွဲတွေဖြစ်
ရေးသားခဲ့သည်။
ဘယ်လာရုစ်နိုင်ငံမှာ လက်ရှိသမ္မတ အလက်ဇန်းဒါး လူကာရှဲန်ကိုပဲ အနိုင်ရခဲ့တဲ့ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ မကျေနပ်လို့ မနေ့က ဆန္ဒပြပွဲကြီးတွေ ကျင်းပခဲ့ကြပါတယ်။
အဲဒီနောက်မှာ အတိုက်အခံ ခေါင်းဆောင် ၂ ယောက်နဲ့ ဆန္ဒပြခေါင်းဆောင် တယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
ဆန္ဒပြသူတွေက ပြီးခဲ့တဲ့ သီတင်း ၂ ပတ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲလိမ်တာတွေ လုပ်ခဲ့တယ်လို့ ဆိုနေကြပြီး သမ္မတကို အာဏာက ဆင်းပေးဖို့ တောင်းဆိုနေကြပါတယ်။
အခု သတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ပုံရိပ်တွေ ပါလာနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။
ကိုထက်အောင်က ပြောပြမှာပါ။