သီရိလင်္ကာရွေးကောက်ပွဲ လက်ရှိအာဏာရ ပါတီ အနိုင်ရ
ရေးသားခဲ့သည်။
သီရိလင်္ကာနိုင်ငံက ပါလီမန် အထွေထွေရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဂိုတာဘရား ရာဂျာပက်စား ဉီးဆောင်တဲ့ ပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပါတယ်။
မဲရလဒ်တွေ အရ လက်ရှိ သမ္မတ ရဲ့ ပါတီဟာ ပါလီမန် လွှတ်တော် အမတ် နေရာ အားလုံးနီးပါးကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သူကတိပေး ထားတဲ့ အတိုင်း အခြေခံဥပဒေ ပြင်ဆင်ရေး ကို ဆက်လုပ်နိုင်သွားတော့မှာပါ။
ဆင်ဟာလာ လူထု အကြားမှာ အထူးရေပန်းစားတဲ့ သမ္မတ ရာဂျာပက်စား ဟာ သူ့ရဲ့ အစ်ကို ဖြစ်သူကိုလည်း ဝန်ကြီးချုပ် အဖြစ် ခန့်အပ်သွားဖို့ စီစဉ် ဆောင်ရွက်နေပါတယ်။ ကိုဘိုဘိုက ဆက်ပပြောပြပေးမှာပါ။