အထွေထွေ ရွေးကောက်ပွဲ NLD ရဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်မှု
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အထွေထွေရွေးကောက်ပွဲမှာ ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းများ စာရင်းကို ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူး မဲဆန္ဒနယ်ကနေပဲ ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်သလို၊ သမ္မတ ဉီးဝင်းမြင့်ကလည်း သူ့ရဲ့ မဲဆန္ဒနယ် အဟောင်းဖြစ်တဲ့ တာမွေမြို့နယ်ကနေပဲ ဝင်ရောက် ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ်။ NLD ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း ၁၁၃၁ဦးကို ရွေးချယ်ခဲ့ပြီး၊ အမျိုးသမီး ပါဝင်မှုနှုန်းထားက ၂၀ရာခိုင်နှုန်းအထိ ရှိတယ်လို့ သိရပါတယ်။ ရခိုင်ဒေသက ဒေသအချို့မှာတော့ ဝင်ရောက်ယှဥ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆို့ပါတယ်။ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနဲ့ ပတ်သက်လို့ ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဉီးဇော်မြင့်မောင်က ကိုယ်စားလှယ်လောင်း စိစစ် ရွေးချယ်ရေး အစည်း အဝေးအပြီးမှာ အခုလို ပြောပါတယ်။