ယူအေအီးဂြိုဟ်တုလွှတ်တင်ရေး ဦးဆောင်သူ အမျိုးသမီးသိပ္ပံပညာရှင်
ရေးသားခဲ့သည်။
အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီးက ဂျပန်ဒုံးပျံတွေနဲ့ သူတို့ရဲ့ ပထမဆုံး အာကာသစူးစမ်းရေး ဂြိုဟ်တုကို ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်က လွှတ်တင်ခဲ့ပါတယ်။
မျှော်လင့်ခြင်း လို့ အမည်ပေးထားတဲ့ ဒီဂြိုဟ်တုကို အင်္ဂါဂြိုဟ် လေ့လာရေးစီမံကိန်းအတွက် လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
ကီလိုမီတာ သန်း ၅၀၀ ခရီးကို ဖြတ်ပြီး လာမယ့်နှစ် ဖေဖော်ဝါရီလမှာ အင်္ဂါဂြိုဟ်ဆီ အရောက်သွားမှာပါ ။
အခု ယူအေအီးရဲ့ အာကာသ စူးစမ်းမှု စီမံကိန်းမှာ ပါတဲ့ သိပ္ပံပညာရှင် ဆာရာ အဲလ် အမ်မရီနဲ့ ဘီဘီစီ တွေ့ဆုံ ထားတာကို ရှုစားရအောင်ပါ။ ကိုမင်းထက်က ပြောပြမှာပါ။