ဒါဖိုးရဲ့ အဝေးရောက်သားများ
ရေးသားခဲ့သည်။
ဆူဒန်အနောက်ပိုင်းမှာ စစ်ပွဲတွေ စတင်ခဲ့တာ ၁၇ နှစ် ရှိခဲ့ပြီဖြစ်ပါတယ်။ အဲဒီစစ်ပွဲတွေ စခဲ့တဲ့ နောက်မှာ လူ သိန်းချီပြီး သေဆုံးခဲ့ရသလို အရင် ဆူဒန်သမ္မတဟောင်းကိုလည်း လူမျိုးတုံးသတ်ဖြတ်မှုတွေ နဲ့ စွဲဆိုထားကြပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၁ ခုကျော်က အခြေအနေတွေ အဆိုးဆုံး အချိန်မှာ ယူကေက အဲဒီက ပြေးလာသူတွေကို ခိုလှုံခွင့် ပေးခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်က ဒါဖိုး မြို့ကနေ သတင်းပို့ပေးခဲ့တဲ့ ဘီဘီစီ သတင်းထောက် ဖာဂါလ်ကီန်းက အဲဒီ တုန်းက ပြေးလာခဲ့ကြသူတွေ ဖြစ်ကြတဲ့ အခုတော့ အင်္ဂလိပ် ရေလက်ကြားရဲ့ တဘက်တချက်စီမှာ နေထိုင်ကြသူ ညီအစ်ကို ဝမ်းကွဲ ၂ ဦးနဲ့ တွေ့ဆုံထားတာကို ရှုစားရအောင်ပါ။