အိန္ဒိယက ပိုက်ဆံတတ်နိုင်သူတွေ ကိုဗစ်အတွက် အိမ်မှာ အထူးကြပ်မတ်ဆောင်လုပ်ထား

ဗီဒီယို ပုံစာ, အိန္ဒိယက ပိုက်ဆံတတ်နိုင်သူတွေက ကိုဗစ်အတွက် အိမ်မှာ အထူးကြပ်မတ်ဆောင်လုပ်ထား
ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံမှာဆိုရင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေက ဆက်လက်မြင့်တက်နေဆဲပါ။ ကမ္ဘာမှာ တတိယမြောက် အဆိုးရွားဆုံး ကူးစက်ခံနေရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ အစိုးရကတော့ ဗိုင်းရပ်စ် လူနာတွေကို အတတ်နိုင်ဆုံး ပြုစု ကုသပေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဆေးရုံတွေမှာ ကုတင် မလုံလောက်မှုတွေကြောင့် လူနာ အတော်များများကို လက်ခံကုသပေးနိုင်မှု မရှိပါဘူး။ အခုဆိုရင် ပိုက်ဆံ တတ်နိုင်တဲ့သူတွေက တခြားနည်းလမ်းကို ရှာဖွေပြီး ကိုရိုနာ ကုသရေး လုပ်ဆောင်နေကြရပါတယ်။ ချမ်းသာ သူတွေဟာ ကိုယ့်ရဲ့ အိမ်မှာ အထူးကြပ်မတ် ကုသဆောင်လို လုပ်ပြီး ကုသမှု လုပ်နေကြရတာဖြစ်ပါတယ်။ အိန္ဒိယက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အကြောင်းကိုတော့ ကိုမိုးမြင့်က ပြောပြမှာပါ။