တူရကီ သမိုင်း၀င် အဆောက်အအုံကို ဗလီအဖြစ်ပြောင်းမယ်
ရေးသားခဲ့သည်။
တူရကီ နိုင်ငံက နာမည်ကျော် အဆောက်အအုံတစ်ခုဖြစ်တဲ့ အိုင်ယာ ဆိုဖီယာ ပြတိုက်ကြီးကို ဗလီအဖြစ်ပြောင်းလဲ သတ်မှတ်မလား ဆိုတာ ကို တရားရုံး တစ်ခုက နောက်လာမယ့် လေးရက်အတွင်းမှာ အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ ခရစ်ယာန် ဘုရားကျောင်းကြီးအဖြစ် တည်ဆောက်ခဲ့တဲ့ ဒီအဆောက်အအုံကို အော်တမန် အင်ပါယာ လက်ထက်မှာ ဗလီအဖြစ်သတ်မှတ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ ပြတိုက်အဖြစ် ထိန်းသိမ်း စောင့်ရှောက်ထားခဲ့တာပါ။ အမေရိကန် နဲ့ တခြား နိုင်ငံတွေကတော့ ဒီပြတိုက်ကြီးကို ဗလီအဖြစ်ပြန်ပြောင်းမယ့် ကိစ္စကို ကန့်ကွက်နေကြပါတယ်။ တူရကီရဲ့ သမ္မတ ရီဂျက် တိုင်ယစ် အာဒိုဝမ်ကတော့ သူ့ကိုနိုင်ငံတွင်းမှာ ထောက်ခံမှုပိုများလာအောင် လုပ်ဆောင်တာဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသူတွေကပြောကြပါတယ်။ ကိုဘိုဘိုက ဆက်ပြီးပြောပြပေးမှာပါ။