အမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့မယ်လို့ ဦးကိုကိုကြီးပြော
ရေးသားခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် အမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့မယ် ဆိုပြီး ပြည်သူ့ပါတီ ဥက္ကဋ္ဌက ပြောကြားပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဉီးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ အနေနဲ့ လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဘယ်လောက် အထိ မျှော်မှန်းထားပါသလဲ။ ပါတီရဲ့ အနာဂတ် မျှော်မှန်းချက်တွေကရော ဘာတွေပါလဲ။ တိုင်းရင်းသားတွေနဲ့ မဟာမိတ် အဖြစ်ဘယ်လို ဆောင်ရွက်မှာလဲ ဆိုတာတွေကို သိရဖို့ ဘီဘီစီ သတင်းထောက် မအေးသူစံက ဉီးကိုကိုကြီးကို သီးသန့်တွေ့ဆုံမြန်းထားပါတယ်။