ဟောင်ကောင် ဒီမိုကရေစီရေး ဆန္ဒပြပွဲ တနှစ်ပြည့်

ဗီဒီယို ပုံစာ, ဟောင်ကောင် ဒီမိုကရေစီရေး ဆန္ဒပြပွဲ တနှစ်ပြည့်
ရေးသားခဲ့သည်။

ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဟောင်ကောင်မှာ လွန်ခဲ့တဲ့ ၁၂ လအတွင်း ဖြစ်နေခဲ့တဲ့ မတည်ငြိမ်မှုတွေကို ဆက်ပြီး သည်းခံတော့မှာ မဟုတ်တဲ့ အကြောင်း သတိပေးလိုက်ပါတယ်။

ဟောင်ကောင်မှာ လူတသန်းလောက်ထိ ပါခဲ့တယ်လို့ ပြောခဲ့ကြတဲ့ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ ဆန္ဒပြပွဲကြီး တနှစ် ပြည့်တဲ့ အချိန်မှာပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဆန္ဒပြပွဲကြီးနောက်မှာ နွေရာသီ လူထုအုံကြွမှုတွေ ဆက်ဖြစ်လာခဲ့ ပါတယ်။ ဟောင်ကောင်မှာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ တနှစ်ပြည့်လာတဲ့အချိန်မှာ ဘယ်အခြေအနေကို ရောက်နေကြပြီလဲ။ ကိုကျော်ဇေယျက ပြောပြမှာပါ။