ဘရာဇီးမှာ သေဆုံးသူများနေလို့ တက္ကဆီသမား တစ်ဦးက အလောင်းကောက်ပေး

ဗီဒီယို ပုံစာ, ဘရာဇီးမှာ သေဆုံးသူများနေလို့ တက္ကဆီသမား တစ်ဦးက အလောင်းကောက်ပေး
ရေးသားခဲ့သည်။

အခုအခါမှာ လက်တင်အမေရိက ဒေသဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အချက်အချာ ဒေသ ဖြစ်လာနေပြီလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး က သတိပေးပြောကြားလိုက်ပါတယ်။ အထူးသဖြင့် ဘရာဇီးနိုင်ငံရဲ့ အခြေအနေဟာ စိုးရိမ်စရာကောင်းတယ်လို့ WHO ဘက်ကပြောပါတယ်။ ဒါကလည်း ဗိုင်းရပ်စ် ကူးစက်မှုတွေ များပြားနေလို့ ဖြစ်ပါတယ်။ အခုဆိုရင် ဘရာဇီးမှာ ကူးစက်ခံရသူ ငါးသိန်းလောက် ရှိနေတယ်လို့ သိရပါတယ်။ အမှန်တကယ် ကူးစက်ခံရသူ အရေအတွက်က ဒီထက်ပိုများ နိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ ကူးစက်မှု အများအပြား ဖြစ်နေတဲ့ အမေဇုန်ဒေသက မနားအိုးစ် မြို့ကို ဘီဘီစီက သွားရောက်လေ့လာခွင့် ရခဲ့ပါတယ်။ အဲဒီမှာ သေဆုံးမှုတွေလည်းများနေပြီး၊ အလောင်းတွေကို သယ်ယူပေးနေရသူတွေရဲ့ အကြောင်းကို မသီဒါနွယ်က ဆက်ပြီးပြောပြမှာပါ။