ဗိုင်းရပ်စ်ကြောင့် အမေရိကန်မှာသေဆုံးမှုက စစ်ပွဲတွေမှာထက်ပိုများ
ရေးသားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန် နိုင်ငံမှာ သေဆုံးသူ အရေအတွက်က တစ်သိန်းကျော်သွားပြီ ဖြစ်ပါတယ်။ ဒါဟာ အစိုးရက တရားဝင်ထုတ်ပြန်တဲ့ အရေအတွက်ပါ။ ကိုရိုနာကြောင့် အမှန်တကယ် သေဆုံးသူ အရေအတွက် အထိက ဒီ့ထက်များကောင်း များနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။ ဒါပေမယ့် သုံးလအတွင်းမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ကိုရီးယား စစ်ပွဲ၊ ဗီယက်နမ် စစ်ပွဲ နဲ့ အီရတ် စစ်ပွဲတွေ အတွင်းမှာ သေဆုံးခဲ့ရသူ အမေရိကန်တွေ ရဲ့ အရေအတွက်ထက် ပိုများနေပါတယ်။ ဒီအကြောင်းကိုတော့ ကိုရင်မောင်က ဆက်ပြီး ပြောပြပေးမှာပါ။