ဆမ်ဆောင်းကို ကာလရှည် တကိုယ်တော် ဆန္ဒပြနေသူ

ဗီဒီယို ပုံစာ, ဆမ်ဆောင်းကို ကာလရှည် တကိုယ်တော် ဆန္ဒပြနေသူ
ရေးသားခဲ့သည်။

တောင်ကိုရီးယားက ဆိုးလ်မြို့လယ်မှာ ရှိတဲ့ မီတာ ၂၀ မြင့်တဲ့ ယာဉ်ထိန်းမျှော်စင်တခုပေါ်မှာ ၆၁ နှစ်အရွယ် ကင်ယုံဟီး နေနေခဲ့တာ တနှစ်နီးပါး ရှိပါပြီ။ ဒါဟာ သူ့ရဲ့ ဆမ်ဆောင်းကုမ္ပဏီမှာ အလုပ်သမား အခွင့်အရေးအတွက် ရာစုနှစ်ရဲ့ ၄ ပုံ တပုံ ကြာ ကာလရှည် ဆန္ဒပြပွဲမှာ နောက်ဆုံး လှုပ်ရှားမှု တခုလည်း ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ နီးပါးက အလုပ်သမား သမဂ္ဂတည်ထောင်ဖို့ ကြိုးစားလို့ အလုပ်ဖြုတ် ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆမ်ဆောင်းကတော့ သူဟာ ကုမ္ပဏီစည်းကမ်းကို ချိုးဖောက်လို့ အလုပ်ထုတ်ခံရတာသာ ဖြစ်တယ်လို့ ပြောပါတယ်။ သူ့အကြောင်းကို ရှုစားရအောင်ပါ။ ကို မိုးမြင့်က ပြောပြမှာပါ။