ကိုဗစ်ကြောင့် ထိုင်းမှာ ပိတ်ထားတာတွေကို ပြန်ဖွင့်
ရေးသားခဲ့သည်။
ထိုင်းနိုင်ငံမှာ ကိုဗစ်၁၉ ကူးစက်မှုတွေများလာတဲ့ အခါမှာ အစိုးရက စီးပွားရေးလုပ်ငန်းတွေ၊ အများပြည်သူသွားလာတဲ့နေရာတွေကို သတင်းပတ် ၆ပတ်ကြာ ပိတ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကတော့ ကူးစက်မှုနှုန်းတွေကျလာတဲ့ အတွက် လုပ်ငန်းတချို့ကို ပြန်ဖွင့်ခွင့်ပေးနေပါပြီ။ ဒါပေမယ့် ညဘက်မှာ သွားကြတဲ့ ပျော်ပွဲစားရုံတွေ၊ ဘားတွေကိုတော့ ပိတ်ထားဆဲပါ။ နောက်ပြီး လူတစ်ယောက်နဲ့တစ်ယောက်အကြား ၆ပေ အကွာအဝေးမှာ နေကြဖို့နဲ့ သန့်ရှင်းရေးလုပ်ငန်းတွေကို တိတိကျကျ လုပ်ကြဖို့ စတဲ့ တင်းကျပ်မှုတွေတော့ ရှိနေပါတယ်။ ဘန်ကောက်မှာ ဘယ်လို အခြေအနေ ရှိနေပါသလဲ။ ဘီဘီစီ သတင်းထောက် ဂျိုနသန် ဟဒ်ရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြပေးမှာပါ။