ယူကေမှာ ကိုရိုနာ ကုသရေး အကြီးဆုံး ဆန်းစစ် လေ့လာမှု စတင်

ဗီဒီယို ပုံစာ, ကိုရိုနာ ကုသရေး အကြီးဆုံး ဆန်းစစ် လေ့လာမှု ယူကေစတင်
ရေးသားခဲ့သည်။

တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၃သန်းကျော်လာပြီး သေဆုံးသူ စုစုပေါင်းကလည်း ၂သိန်းနှစ်သောင်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို လောလောဆယ် အချိန်အထိတော့ ဘယ်ဆေးနဲ့မှ ထိရောက်အောင် ကုပေး နိုင်တာ မရှိသေးပါဘူး။

ယူကေမှာတော့ အရင်တုန်း က ဆားစ်နဲ့ မားစ် ဖြစ်တုန်းက ကုသမှုပေးခဲ့တဲ့ ဆေးတွေ နဲ့ တခြား ဆေးတွေကို စမ်းသပ်မှုတွေ လုပ်နေကြပြီး၊ အဲဒီမှာ ကိုရိုနာဗိုင်းရပ်စ် လူနာ ထောင်နဲ့ချီ ပါဝင်နေပါတယ်။

ဒါဟာ ကမ္ဘာမှာ အကြီးဆုံး လေ့လာဆန်းစစ်ရေး အစီအစဥ် တခု ဖြစ်ပြီးတော့ ဘီဘီစီသတင်းထောက် ဖားဂတ်စ်ဝက်ရှ်လည်း သွားရောက်လေ့လာခွင့် ရခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ကိုရင်မောင်က ဆက်ပြီးပြောပြပေးမှာပါ။