ကိုရိုနာဗိုင်းရပ်စ် - လက်ချုပ် နှာခေါင်းစည်းတွေက ဘယ်လောက် ကာကွယ်ပေးနိုင်သလဲ
ရေးသားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်ပွားနေချိန်မှာ တချို့ နိုင်ငံတွေမှာ နှာခေါင်းစည်းတပ်ဖို့ကို တော်တော်အားပေးကြပါတယ်။ ဒါပေမယ့် နှာခေါင်းစည်းတွေကို လွယ်လွယ် ဝယ်လို့ မရသလို၊ လိုသလောက်လည်း လိုက်မထုတ်လုပ်နိုင်ပါဘူး။ ဒါကြောင့်လည်း တချို့ကတော့ သူတို့ဆီ ရှိတာနဲ့ ကိုယ်နည်းနဲ့ကိုယ် ကိုယ့်နှာခေါင်းစည်းကို ချုပ်တတ်ကြပါတယ်။ အဲဒီလို အိမ်တွင်းဖြစ် နှာခေါင်းစည်းတွေက ဘယ်လောက် စိတ်ချရပါသလဲ။ ဘယ်လိုပစ္စည်းတွေကို သုံးပြီးချုပ်တာ အကောင်းဆုံး ဖြစ်မလဲ။ ဘေဂျင်းက ဘီဘီစီ သတင်းထောက် စတီဗင် မက်ဒေါနဲလ်ရဲ့ သတင်းကို ကိုသိမ်းမြတ်က ပြောပြမှာပါ။