ယူကေမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး လူတွေနဲ့ စတင်စမ်းသပ်

ဗီဒီယို ပုံစာ, ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးလူတွေနဲ့ စတင်စမ်းသပ်
ရေးသားခဲ့သည်။

ဗြိတိန်နိုင်ငံ အောက်စ်ဖို့ဒ်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို လူတွေမှာထိုးပေးပြီး စမ်းသပ်မှုတွေလုပ်နေပါပြီ။ ဒါဟာ ကပ်ရောဂါကြီးကိုတိုက်ဖျက်ဖို့ ဆေးပညာအရ အရေးပါတဲ့ခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်၁၉ကြောင့် လူတစ်သိန်းကိုးသောင်းကျော် သေဆုံးခဲ့ရပြီး ဖြစ်တာကြောင့်ကာကွယ်ဆေးကမဖြစ်မနေလိုအပ်နေပါတယ်။ အောက်စ်ဖို့ဒ်က ကာကွယ်ဆေး စမ်းသပ်မှုမှာ ပါဝင်ဖို့ အသက် ၁၈နှစ်ကနေ ၅၅ နှစ်ကြား ရှိတဲ့လူပေါင်း ၈ရာကျော်စာရင်းပေးခဲ့ကြပါတယ်။ အဲဒီကအခြေအနေတွေကို ဘီဘီစီသတင်းထောက် ဖားဂတ်စ်ဝဲလ်က သွားရောက်သတင်းယူခွင့်ရခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ကိုဘိုဘိုက ဆက်ပြီးပြောပြပေးမှာပါ။