ကိုရိုနာကြောင့် ဂျပန်ကျန်းမာရေးစောင့်ရှောက်မှုစံနစ်မှာ ဖိအားတွေနဲ့ရင်ဆိုင်နေရ
ရေးသားခဲ့သည်။
ဂျပန်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ မတ်လတွေတုန်းက ကိုဗစ်၁၉ ကူးထိန်းချုပ်မှုတွေကို ကောင်းကောင်းလုပ်နိုင်ခဲ့တဲ့အတွက်ချီးကျူးခံခဲ့ရဖူးပါတယ်။ အဲဒီတုန်းကတော့ ကူးစက်မှုက ရာဂဏန်းပဲရှိခဲ့တာပါ။ အခုတော့ ဗိုင်းရပ်စ် ကူးစက်မှုတွေက များလာပြီးတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကူးစက်ခံရသူ ၁သောင်း၂ထောင်ကျော်ရှိနေပါပြီ။ မြို့တော် တိုကျိုမှာဆိုရင် လူ၃ထောင့်၅ရာလောက် ကူးစက်ခံထားရပြီး ဗိုင်းရပ်စ်ပျံ့နှံ့မှုက များပြားလာတာကိုတွေ့မြင်နေရပါတယ်။ကူးစက်ခံရမှုများပြားနေတဲ့ တိုကျိုမြို့တောင်ပိုင်းမှာရှိတဲ့ ဆေးရုံတစ်ခုကို ဘီဘီစီက သွားရောက် သတင်းယူခွင့်ရခဲ့ပါတယ်။ အဲဒီမှာဘယ်လိုကုသမှုတွေ ပေးနေပါသလဲ။ ကိုတင်အောင်ကျော်က ဆက်ပြီးပြောပြပေးမှာပါ။