မြန်မာနဲ့ကမ္ဘာတစ်လွှားက ကိုရိုနာဗိုင်းရပ်စ်သတင်းများ ဧပြီလ ၂၃ရက် ၂၀၂၀

ဗီဒီယို ပုံစာ, ဘီဘီစီမြန်မာ တီဗီ ၂၀၂၀ ခုနှစ် ဧပြီလ ၂၃ရက်
ရေးသားခဲ့သည်။

ကိုဗစ်၁၉ ကူးစက်ခံရသူ ရန်ကုန်မှာ ၄ဉီး နဲ့ မန္တလေးမှာ ၁ဉီး ထပ်တွေ့လို့ အတည်ပြုလူနာ ၁၃၂ ဉီး ရှိပြီ။

ရန်ကုန်ကရောဂါပိုးတွေ့သူ လေးဦးမှာ နှစ်ဦး က အင်းစိန်က ဖြစ်ပြီးတော့ အမျိုးသမီးတွေဖြစ်ပါတယ်။

သာကေတမှာ တစ်ဦးနဲ့ တောင်ဥက္ကလာမှာ နောက်ထပ် တစ်ဦးတို့ဖြစ်ပါတယ်။ မန္တလေးက တစ်ဦးကတော့ မတ္တရာမြို့နယ်က အသက် ၈၀ အရွယ်အမျိုးသား တစ်ဦးပါ။

ဂျပန်မှာတော့ ကိုရိုနာကူးစက်မှုများပြားလာလို့ ကျန်းမာရေးစောင့်ရှောက်မှု စံနစ်မှာ ဖိအားတွေရှိလာနေ။

ဗီယက်နမ် နိုင်ငံမှာတော့ နေရာအတော်များများမှာ ပိတ်ဆို့ ကန့်သတ်ထား မှုတွေကို ဖြေလျော့ပေးမှုတွေ စတင်လုပ်ဆောင် နေပါပြီ။

အစ္စရေးနိုင်ငံက အိုင်ကီယာပရိဘောဂဆိုင်တွေပြန်ဖွင်ခွင့်ရတဲ့အပေါ်မှာ တခြားစီးပွားရေးလုပ်ငန်းရှင်တွေက အစိုးရကိုမေးခွန်းထုတ်နေကြပါတယ်။ အိန္ဒိယက အုပ်ချုပ်တဲ့ ကက်ရှ်မီးယား ဒေသထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေအတွက် ဘယ်လို ပြင်ဆင်ထားကြသလဲ။ စတဲ့သတင်းတွေကိုကြည့်ရှုနိင်ပါပြီ။