ကိုရိုနာ ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ ပညာပေး သံချပ်လေးဖြစ်ပါတယ်။
ရေးသားခဲ့သည်။
ဒီနှစ်သင်္ကြန်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သမိုင်းမှာ အရင်ကမကြုံဖူးအောင် လူအများဆင်နွဲလို့ မရနိုင်တဲ့ သင်္ကြန်မျိုး ဖြစ်လာပါမယ်။ ဒါပေမယ့် သံချပ်ထိုးတဲ့သူက ထိုးနေပါပြီ။ ထိုးတဲ့သံချပ်ကလည်း ကိုရိုနာ သံချက်ပါ။
သင်္ကြန်နီးလာပြီဆိုတော့ သံချပ်လေးတစ်ပုဒ်ကို ရှုစား နားဆင် ရအောင်ပါ။ ဒီသံချပ်က ကြားနေကျ သံချပ်မျိုးတော့ မဟုတ်ပါဘူး။
ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့ ပညာပေး သံချပ်လေးဖြစ်ပါတယ်။ ဒီသံချပ်ကို သရုပ်ဆောင် ဒေါင်းနဲ့ အတူ ဘီဘီစီ မီဒီယာအက်ရှင် ရန်ကုန်ရုံးအဖွဲ့သားတွေက ပူးပေါင်း တင်ဆက်ပေးထားပါတယ်။ ကြည့်ရှု ခံစားရင်; ကိုယ်တိုင်လိုက်နာကျင့်သုံးနိုင်ဖို့ ရည်ရွယ် ထုတ်လုပ်ထားပါတယ်။ ရှုစားရအောင်ပါ။