ကိုရိုနာဗိုင်းရပ်စ် အတွက် ရုရှားဆေးရုံသစ်ဆောက်
ရေးသားခဲ့သည်။
ရုရှားမှာတော့ အခြေအနေတွေကို ထိန်းချုပ် ထားနိုင်တယ်လို့ သမ္မတ ပူတင်က ပြောပါတယ်။ နယ်စပ် ဝင်ပေါက်တွေကို အကုန်ပိတ်ထားသလို လူစုလူဝေး လုပ်ခွင့်တွေကိုလည်း အကုန်ပိတ်ထားပါတယ်။ လတ်တလော အချိန်အထိ ရုရှားမှာ လူ ၁၁၄ ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။ သေဆုံးသူ မရှိသေးပါဘူး။ အဲဒီ ကြားထဲမှာပဲ မော်စကို မြို့စွန်မှာ ယာယီ ဆေးရုံတခုကို စတင်တည်ဆောက် နေပြီဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် ဆာရာ ရိန်းဖို့ဒ်ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။