ဝူဟန်မြို့ ပိတ်ထားချိန်က ဘယ်လိုဖြတ်သန်းခဲ့ကြသလဲ
ရေးသားခဲ့သည်။
ကမ္ဘာအနှံ့က တိုင်းပြည်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို ရပ်တန့်နိုင်ဖို့ ကြိုးစားနေချိန်မှာပဲ စဖြစ်ခဲ့တဲ့ တရုတ်ပြည်မှာတော့ ကူးစက်ခံရသူ အသစ်တွေ့ရှိမှု နည်းလာနေပါတယ်။ သတင်းတွေအရ သောကြာနေ့ မှာ ကူးစက်ခံရတဲ့ သူ ၈ ယောက်ပဲရှိခဲ့ပြီး အဲဒီထဲက ၅ ယောက်က ဝူဟန်မှာ တွေ့ခဲ့တာပါ။ ဇန်နဝါရီလကစပြီး အာဏာပိုင်တွေက တမြို့ လုံးကို ပိတ်ဆို့တာမျိုးတွေလုပ်ပြီး ရောဂါဖြစ်ပွားတာကို ထိန်းချုပ်ခဲ့တာမှာ အခုတော့ ဆိုးရွားတဲ့ အခြေအနေက လွတ်မြောက်လာပြီလို့ ပြောပါတယ်။ မြို့တွေကို ပိတ်ချ လိုက်တဲ့အခါ ပြည်သူတွေ လက်တွေ့ဘယ်လို ရင်ဆိုင်ခဲ့ရပါသလဲ။ ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်က ထူးခြားတဲ့ ဗီဒီယို တွေကို ဘီဘီစီက ရရှိခဲ့ပါတယ်။ ဒီအကြောင်း ကိုရင်မောင်က ပြောပြပေးမှာပါ။