ကိုဗစ် 19 အတွက် ဘယ်လို ပြင်ဆင်နေကြသလဲ

ဗီဒီယို ပုံစာ, ကိုဗစ် 19 အတွက် ဘယ်လို ပြင်ဆင်နေကြသလဲ
ရေးသားခဲ့သည်။

ကမ္ဘာ့တဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပြန့်ပွားလာနေတာကို တားဆီးထိန်းချုပ်နိုင်ဖို့ ကမ္ဘာ့နိုင်ငံ အသီးသီးက ခရီးသွားလာမှုနဲ့ ပတ်သက်လို့ တားမြစ်ပိတ်ပင်မှုတွေ ကန့်သတ်မှုတွေ လုပ်ဖို့ စီစဉ်လာကြပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း မတ်လကုန်ပိုင်းအထိ ကျောင်းတွေကို ခေတ္တပိတ်ထားဖို့ ပြောလိုက်ပါတယ်။ တကမ္ဘာလုံး အနေနဲ့ဆို နိုင်ငံပေါင်း ၄၀ကျော်မှာ လူပေါင်း ၈၀၀၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီ ဖြစ်ပါတယ်။ အဲဒီတော့ အခု ဘာတွေ ဘယ်လို ပြင်ဆင်နေကြပြီလဲ ဆိုတာ ကြည့်ရအောင်ပါ။ ကိုထွေးက ပြောပြမှာပါ။