ကိုရိုနာဗိုင်းရပ်စ် အတွက် ပြင်ဆင်ထားဖို့ WHO သတိပေး
ရေးသားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကမ္ဘာ့နိုင်ငံတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာမယ့် အရေးအတွက် အမြန်ဆုံး ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားဖို့ သတိပေး လိုက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တချို့ နိုင်ငံတွေဟာ ဒီရောဂါပိုး ကူးစက်မှုအတွက် အသင့်မဖြစ်ကြသေးဘူးလို့ ယူဆထားပါတယ်။ အခုဆို အဲဒီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ ဥရောပနဲ့ အရှေ့အလယ်ပိုင်း ဒေသကိုပါ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ နောက်ပြီး လက်တင် အမေရိက ဒေသမှာလည်း ပထမဆုံးအကြိမ် အဖြစ် ကူးစက်ခံထားရသူ တယောက်ကို တွေ့ခဲ့ရပါတယ်။
ကိုထွေးက ပြောပြမှာပါ။