အိန္ဒိယနဲ့ အမေရိကန် ဆက်ဆံရေး ပိုခိုင်မာလာ

ဗီဒီယို ပုံစာ, အိန္ဒိယနဲ့ အမေရိကန် ဆက်ဆံရေး ပိုခိုင်မာလာ
ရေးသားခဲ့သည်။

အမေရိကန် သမ္မတ ထရမ့်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီတို့ ဒေလီမြို့မှာ တွေ့ဆုံ ခဲ့ကြအပြီးမှာတော့ သူတို့က နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမို ခိုင်မာအောင် ထူထောင်နိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

မစ္စတာ ထရမ့်က ကုန်သွယ်ရေး ကိစ္စတွေ၊ စွမ်းအင်နဲ့ စစ်ရေး တွေမှာ သဘောတူညီမှုတွေ ရယူနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီမှာ နိုင်ငံသား ဖြစ်ခွင့်ဆိုင်ရာ ဥပဒေသစ်နဲ့ ပတ်သက်လို့ ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအကြား ဖြစ်နေတဲ့ အဓိကရုဏ်းတွေက မစ္စတာ ထရမ့်ရဲ့ ခရီးစဉ်ကို အရိပ်မည်းကြီး ထိုးသလို ဖြစ်နေပါတယ်။ ကိုအောင်သွင်က ပြောပြမှာပါ။