ဂျပန်မှာ သီးသန့် ရပ်ထားတဲ့ သင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့

ဗီဒီယို ပုံစာ, ဂျပန်မှာ သီးသန့် ရပ်ထားတဲ့ သင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့
ရေးသားခဲ့သည်။

တရုတ်ပြည်မှာ လူပေါင်း ၇၀၀၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသလို သေဆုံးခဲ့ရသူပေါင်းလည်း ၁၈၀၀ နီးပါး ရှိပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီကူးစက် ပြန့်ပွားမှုတွေကို ကိုင်တွယ်နိုင်ရေး အတွက်လည်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ တရုတ် ကျန်းမာရေးဆိုင်ရာက ကျွမ်းကျင်သူတွေ ဘေဂျင်းမြို့မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။ ဂျပန်မှာတော့ အဲဒီမှာ သီးသန့် ရပ်နားထားရတဲ့ ဒိုင်းမွန်း ပရင့်ဆက်စ် ဆိုတဲ့ ပင်လယ်ကူး ခရီးသည်တင် သင်္ဘောကြီးပေါ်မှာ ကူးစက်မှု ကြုံတွေ့နေရပြီး အဲဒီ သင်္ဘောပေါ်မှာ လိုက်ပါလာကြတဲ့ အမေရိကန် ခရီးသည်တွေကို အမေရိကန်အစိုးရက စင်းလုံးငှား လေယာဉ်တွေနဲ့ ပြန်လည် ခေါ်ယူသွားကြပြီဖြစ်ပါတယ်။ ကိုအောင်သွင်ကပြောပြမှာပါ။