ကိုရိုနာဗိုင်းရပ်စ်အတွက် ပြင်ဆင်ဖို့ WHO အကြီးအကဲပြော

ဗီဒီယို ပုံစာ, ကိုရိုနာဗိုင်းရပ်စ်အတွက် ပြင်ဆင်ထားဖို့ WHO အကြီးအကဲပြော
ရေးသားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥက္ကဌက တရုတ်ပြည်ကိုတောင် မရောက်ခဲ့သူတွေ အကြားမှာပါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်း ပြောကြားလာပါတယ်။

ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ ဒီဗိုင်းရပ်စ်ပိုး စတင်ကူးစက်လာနိုင်တဲ့အတွက် ကြိုတင် ပြင်ဆင်ထားကြဖို့နဲ့ အလွန်အမင်း စိုးရိမ်တကြီးတော့ မဖြစ်ကြဖို့ သူ့ရဲ့တွစ်တာကနေတဆင့် ပြောခဲ့ပါတယ်။

တရုတ်ပြည်မှာလည်း တနင်္ဂနွေနေ့က ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ လူ ၉၇ ဦးသေဆုံးခဲ့ရလို့ ဒါဟာ ကူးစက်မှုတွေ စတင် ဖြစ်ခဲ့တဲ့ နောက်ပိုင်း တနေ့တည်းမှာ လူ အများဆုံး သေဆုံးရတာလည်း ဖြစ်ပါတယ်။

အခုဆို ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၀၈ ယောက် အထိ ရှိလာပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ နေ့စဉ်ကူးစက်ခံရသူ ဦးရေကတော့ ငြိမ်လာပြီ ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်နှစ်သစ်ကူးကာလ နောက်ပိုင်းကတည်းက အလုပ်နားနေခဲ့ရသူ သန်းပေါင်းများစွာလည်း လုပ်ငန်းခွင် ပြန်ဝင်ကြပြီ ဖြစ်ပေမယ့် ရောဂါမကူးစက်ရေးအတွက် ကန့်သတ် ထိန်းချုပ်မှုတွေတော့ ဆက်ချမှတ်ထားဆဲ ဖြစ်ပါတယ်။ ကိုအောင်သွင်က ပြောပြပေးမှာပါ။