ဝူဟန်နဲ့ ဘေကျင်းက နောက်ဆုံးအခြေအနေ
ရေးသားခဲ့သည်။
တရုတ်ပြည်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ပိုများလာနေသလို အာဏာပိုင်တွေကလည်း သူတို့ဆီမှာ ကုတင်နဲ့ ကုသမှုတွေမှာ သုံးစွဲရမယ့် ပစ္စည်းတွေ နည်းပါးလာနေပြီလို့ ပြောလိုက်ပါတယ်။ အဲဒီ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီနေ့ထိ လူ ၅၆၃ ယောက် သေဆုံးခဲ့ရပြီးဖြစ်သလို သောင်းနဲ့ချီပြီး ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။
ဗိုင်းရပ်စ် စတင်ပျံပွားရာ ဝူဟန်မြို့ နောက်ဆုံးအခြေအနေနဲ့ မြို့တော် ဘေကျင်းက အခြေအနေတွေကို ဘီဘီစီ သတင်းထောက် ဂျွန် ဆဒ်ဝတ်သ် ပေးပို့ထားတဲ့ သတင်းကို ကိုထွေးက ပြန်ပြောပြပေးမှာပါ။