ယီမင် စစ်ပွဲကြားက ရောဂါသည် ကလေးများ
ရေးသားခဲ့သည်။
ယီမင်က အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ မကျန်းမာသူတွေကို ဆေးကုပေးနိုင်ဖို့ အတွက် ဂျော်ဒန်နဲ့ အီဂျစ်ကို သယ်ဆောင်သွားမယ့် ကုလသမဂ္ဂ လေယာဉ်ဟာ ယီမင်ကနေ ဒီနေ့ပဲထွက်ခွာသွားပါပြီ။ ယီမင်ရဲ့ ဝေဟင်ကို စိုးမိုးထားတဲ့ ဆော်ဒီဦးဆောင်တဲ့ တပ်ဖွဲ့တွေနဲ့ ယီမင်မြောက်ပိုင်းကို အုပ်စိုးထားတဲ့ ဟူသီ သူပုန်တွေအကြား ဆွေးနွေးမှုတွေ လုပ်နေရာမှာ ၂ နှစ်လောက်ကြာခဲ့ပြီ ဖြစ်ပြီး အဖြေတခုရနိုင်ဖို့အတွက် ကုလသမဂ္ဂက တိုက်တွန်းနေပါတယ်။
ဝေဒနာရှင် ၃၀ လောက်နဲ့ သူတို့ကို ပြုစုပေးနေသူတွေကိုသယ်ဆောင်ပြီး ဆာနာ လေဆိပ်ကနေ အာမန်နဲ့ ကိုင်ရိုတို့ဆီ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဘီဘီစီ နိုင်ငံတကာ သတင်းထောက်ချုပ် လိစ္စဒူးဆက်ရဲ့ သတင်းလွှာကို မရီရီအောင်ကပြောပြမှာပါ။