ဝူဟန် မြို့တွင်းမှာ ပိတ်မိနေသူတွ အနာဂတ် ဘာဖြစ်လာမလဲ

ဗီဒီယို ပုံစာ, ဝူဟန် မြို့တွင်းမှာ ပိတ်မိနေသူတွ အနာဂတ် ဘာဖြစ်လာမလဲ
ရေးသားခဲ့သည်။

တရုတ်ပြည်မှာ ကိုရိုနာ ဗိုင်းရပ်စ် ပြန့်ပွားမှုတွေ ပိုဆိုးလားနေတာကြောင့် ရုရှားကလည်း တရုတ်နဲ့ နယ်စပ်ကို ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ ဗိုင်းရပ်စ်ကြောင့် သေဆုံးရသူ ၁၇၀ ထိ ရှိလာပြီ ဖြစ်ပြီး ကူးစက်ခံထားရသူလည်း ၈၀၀၀ အထိ ရှိလာပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဒီကိစ္စအတွက် ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာမလား ဆိုတာနဲ့ ပတ်သက်လို့ တွေ့ဆုံ ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။ တဘက်မှာလည်း ဝူဟန် မြို့တွင်းမှာ ပိတ်မိနေသူတွေမှာ သူတို့ အနာဂတ် ဘာဖြစ်လာမလဲ ဆိုတာနဲ့ ပတ်သက်လို့ တွေးဆမနိုင် ဖြစ်နေကြပါတယ်။ ဘီဘီစီသတင်းထောက် ဂျွန်ဆပ်သဝပ်ဒ်ရဲ့ သတင်းကို ကိုဘိုဘိုက ပြန်ပြောပြမှာပါ။