အိုင်အက်စ် ခေါင်းဆောင်ဟောင်း အစ်မကို ဖမ်းမိတယ်လို့ တူရကီပြော

ဗီဒီယို ပုံစာ, အိုင်အက်စ် ခေါင်းဆောင်ဟောင်း အစ်မကို ဖမ်းမိတယ်လို့ တူရကီပြော
ရေးသားခဲ့သည်။

အမေရိကန် က အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ရဲ့ ခေါင်းဆောင် အဘူ ဘာကာ အဲလ် ဘဂ်ဒက်ဒီကို သုတ်သင် နိုင်ခဲ့ပြီး သီတင်း တပတ် မရှိခင်မှာဘဲ တူရကီကလည်း သူ့ရဲ့ အစ်မ ဖြစ်သူကို ဖမ်းဆီး နိုင်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ တူရကီ အာဏာပိုင်တွေက ရပ်စ်မီယာ အဝါဒ်ကို ဆီးရီးယား အနောက်မြောက်ပိုင်းက အလက်ပို ပြည်နယ် အတွင်းက တူရကီ ထိန်းချုပ်ထားတဲ့ ဒေသမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ရပ်စ်မီယာ အဝါဒ်နဲ့ အတူ ခင်ပွန်းသည်နဲ့ ချွေးမဖြစ်သူကိုပါ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး သူ့ကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။ ကိုထက်အောင်က ပြောပြမှာပါ။