ဆီးရီးယားမြောက်ပိုင်းက တူရကီ ထိုးစစ် နောက်ဆုံး အခြေအနေ
ရေးသားခဲ့သည်။
အမေရိကန် သမ္မတထရမ့်က တူရကီသမ္မတအာဒိုဝမ်ဆီရေးတဲ့စာကို ဗုဒ္ဓဟူးနေ့ကထုတ်ပြန်လိုက်ပါတယ်။ တူရကီထိုးစစ် မစခင်မှာ အဲဒီစာကိုရေးခဲ့တာပါ။ တူရကီသမ္မတ အာဒိုဝမ်ကို စာရေးသားတိုက်တွန်းထားရာမှာ ခင်ဗျားအနေနဲ့ မှန်မှန်ကန်ကန်နဲ့ လူသားဆန်ဆန်ဆောင်ရွက်ခဲ့မယ်ဆိုရင် သမိုင်းမှာနာမည်ကောင်းကျန်ပါလိမ့်မယ်။ မကောင်းတာတွေလုပ်ရင်တော့ မိစ္ဆာတယောက်အဖြစ်သမိုင်းတွင်ရစ်ပါလိမ့်မယ်။ ခေါင်းမမာပါနဲ့။ မမိုက်ချင်စမ်းပါနဲ့။ လို့ရေးထားပါတယ်။
ဆီးရီးယား တိုက်ပွဲနောက်ဆုံးအခြေအနေနဲ့ အမေရိကန်နဲ့ တူရကီ၊ ရုရှားတို့ရဲ့ သဘောထားတွေ ဘယ်လို ရှိနေလဲ ဆိုတာကိုတော့ ကိုသိမ်းမြတ် စုစည်း ပြောပြထားပါတယ်။