စွပ်စွဲသူတွေကို သမ္မတထရမ့် အပြစ်တင်လိုက်

ဗီဒီယို ပုံစာ, စွပ်စွဲသူတွေကို သမ္မတထရမ့် အပြစ်တင်လိုက်
ရေးသားခဲ့သည်။

အမေရိကန် ပြည်ထောင်စုမှာ သမ္မတ ထရမ့်ကို စွပ်စွဲ ပြစ်တင်ဖို့ ဆောင်ရွက်နေကြတာနဲ့ ပတ်သက်လို့ သမ္မတ နဲ့ သူ့အတိုက်အခံ ဒီမိုကရက်တွေ အကြား အခြေအတင်တွေ ပြစ်တင် ဝေဖန်နေကြပါတယ်။ သမ္မတဘက်ကလည်း သတင်းစာ ရှင်းလင်းပွဲတွေ အကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။ နောက်ပြီး လွှတ်တော် စုံစမ်းရေး ကော်မရှင်ရဲ့ ဥက္ကဌ ဖြစ်တဲ့ အက်ဒမ် ရှစ်ဖ်ကိုလည်း အဆင့်အတန်းမရှိတဲ့လူ တိုင်းပြည်ကို သစ္စာဖောက်မယ့် လူမျိုးဆိုပြီး အထောက်အထား မရှိဘဲ စွပ်စွဲမှုတွေလည်း ပြောခဲ့ပါတယ်။ နောက်ပြီး ဒီမိုကရက်တစ်ပါတီဘက်က သမ္မတလောင်း ဖြစ်လာဖွယ်ရှိတဲ့ အရင် ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒန်နဲ့ သားဖြစ်သူကိုလည်း လူလိမ်တွေ ဆိုပြီး ပြောခဲ့သလို ဂျိုးဘိုင်ဒန်ကို သိက္ခာကျစေနိုင်တဲ့ စွပ်စွဲချက်တွေကိုလည်း တခါပြန် အစဖော်ပြောကြားခဲ့ပါတယ်။ ကိုရင်မောင်က ပြောပြမှာပါ။