ပိတ်ဆို့မှုတွေကြားက ကက်ရှ်မီးယားဒေသတွင်း အခြေအနေ
ရေးသားခဲ့သည်။
အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသကို အမြန်ဆုံး ပုံမှန် အခြေအနေ ပြန်ရောက်အောင် ဆောင်ရွက်ကြဖို့ အိန္ဒိယ အမြင့်ဆုံး တရားရုံးချုပ်က ဗဟိုအစိုးရကို ညွှန်ကြားလိုက်ပါတယ်။
ဒီဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတာကို ပြန်လည်ရုပ်သိမ်းခဲ့တာ သတင်းပတ် ၆ ပတ်တာ ရှိသွားပါပြီ။
မိုဘိုင်းဖုန်း ဆက်သွယ်မှုတွေနဲ့ အင်တာနက်လိုင်းတွေကိုလည်း ဆက်လက် ဖြတ်တောက်ထားဆဲဖြစ်ပြီး နိုင်ငံရေးသမားတချို့လည်း အထိန်းသိမ်းခံထားရပါတယ်။
အပြည့်အစုံကိုတော့ မစန္ဒာဝင်းက ပြောပြပေးမှာပါ။