ကက်ရှ်မီးယားမှာ မိသားစုတွေ ဆက်သွယ်နိုင်ပြီ
ရေးသားခဲ့သည်။
အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ တယ်လီဖုန်းလိုင်းတချို့ ပြန်လည်အသုံးပြုလို့ရနေပါပြီ။
ကက်ရှ်မီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတဲ့ သတ်မှတ်ချက် ပယ်ဖျက်ခဲ့ပြီးနောက်ပိုင်း အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ အမိန့်နဲ့ အဲဒီမှာ အဆက်အသွယ်တွေအားလုံး ဖြတ်တောက်ထားတာ အခုဆို တလရှိသွားပါပြီ။
အခုလည်း အိမ်သုံးဖုန်းလိုင်းတွေကို ပြန်ဖွင့်ပေးလိုက်ပေမယ့် လက်ကိုင်ဖုန်းနဲ့ အင်တာနက်လိုင်းတွေကိုတော့ ဆက်လက် ဖြတ်တောက်ထားဆဲပါ။
ကိုအောင်သွင်က ဆက်ပြောပြမှာပါ။