ဟောင်ကောင်လေဆိပ်မှာ ဒုတိယမြောက်နေ့အဖြစ် ဆက်လက် ဆန္ဒပြ
ရေးသားခဲ့သည်။
ဟောင်ကောင်လေဆိပ် မှာ ဆန္ဒပြသူ ရာပေါင်းများစွာ က ဒုတိယမြောက်နေ့အဖြစ် ဆက်လက် ပိတ်ဆို့ထားကြပါတယ်။ တချို့လူတွေက လူသား ချိန်းကြိုးလို လုပ်ပြီး ခရီးသည်တွေ ခရီးထွက်ခွာဆောင် ဘက်ဆီ လာလို့ မရအောင် တားထားကြပါတယ်။ ဟောင်ကောင် မှာ နိုင်ငံရေး အကြပ်အတည်းတွေ ဖြစ်နေတာ ကာလအားဖြင့် ၃ လ ထဲ ရောက်လာခဲ့ပြီ ဖြစ်သလို အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းကလည်း ဆန္ဒပြသူတွေဟာ ပြန်လှည့်လို့ မရနိုင်တော့မယ့် အခြေအနေတခုဆီကို သွားနေကြပြီ ဖြစ်တယ်လို့ သတိပေးထားပါတယ်။
ကိုထက်အောင်က ပြောပြမှာပါ။