ခေါင်းချင်းဆက် အမြွှာကို ခွဲစိတ်ခြင်း
ရေးသားခဲ့သည်။
ဗြိတိန်မှာ ခေါင်းချင်းဆက် အမြွှာ ဆာဖာနဲ့ မာဝါတို့ကို ခွဲစိတ်နိုင်ခဲ့ပါတယ်။
အဲဒီခွဲစိတ်မှုဟာ ရှုပ်ထွေးပြီး အဓိက အဆင့် ကြီး ၃ ဆင့် သတ်မှတ်လို့ ခွဲပေးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီ ခွဲစိတ်မှု မှာ ပါဝင်ခဲ့သူတွေ၊ ကလေး တွေရဲ့ မိသားစုဝင်တွေနဲ့ ဘီဘီစီတို့ တွေ့ဆုံနိုင်ခဲ့သလို ခွဲစိတ်နေတာတွေကိုပါ လေ့လာနိုင်ခဲ့ပါတယ်။
အခုတခါ ပြသမယ့် သတင်းတွေမှာတော့ ခွဲစိတ်နေတဲ့ ပုံရိပ်တွေ ပါနိုင်လို့ စိတ်ညစ်ညူးတာမျိုးတွေ ရှိလာနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။
ကိုသိမ်းမြတ်က ပြောပြမှာပါ။