စျေးသက်သာပြီး စီးရတာ သက်တောင့်သက်သာရှိမယ့် ခြေတု
ရေးသားခဲ့သည်။
အဆင်မြင့်နည်းပညာသုံးပြီး ဖန်တီးထားတဲ့ ခြေတုအသစ်တမျိုးကို စျေးနှုန်းသက်သက်သာသာနဲ့ ဝယ်နိုင်အောင် ဗြိတိန်က ပညာရှင်တဦး တီထွင်လိုက်ပါပြီ။
တချို့ ခြေတု၊ လက်တုတွေက ဒေါ်လာထောင်ကျော် ကုန်ကျနိုင်ပါတယ်။
ဒါပေမဲ့ ဒီခြေတု တီထွင်သူ Ed Pennington-Ridge ကတော့ ဖွံဖြိုးဆဲနိုင်ငံတွေက ခြေတုလက်တု လိုအပ်နေသူတွေ ဝယ်နိုင်အောင်အတွက် စျေးနှုန်းသင့်တင့်ပြီး တပ်ရတာ သက်တောင့်သက်သာဖြစ်စေမယ့် ပုံစံမျိုးကို ဖန်တီးထားပါတယ်။
ကိုရင်မောင်က ပြောပြမှာပါ။