အွန်လိုင်းပေါ်က လက်ယာစွန်းဝါဒီ အန္တရာယ်
ရေးသားခဲ့သည်။
နယူးဇီလန်နိုင်ငံ ခရိုက်စ်ချာ့ချ်မြို့က ဗလီတွေမှာ လက်ယာစွန်းဝါဒီသမားတဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့တာ အခုဆိုရင် သုံးလရှိ သွားပါပြီ။
အဲဒီသေနတ်သမားဟာ နိုင်ငံတကာအချိတ်အဆက်တွေရှိတဲ့အကြောင်း အထောက်အထားတွေကို ဘီဘီစီက ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒီအွန်လိုင်းကွန်ရက်ကို လယ်ယာစွန်းဝါဒီအဖွဲ့ဝင်တွေဟာ သူတို့အချင်းချင်း စုစည်းဖို့အတွက် အသုံးပြုနေကြတာပါ။
ဒါပေမဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဒါကို သတိမပြုမိကြသေးပါဘူး။
ကိုအောင်သွင်က ဆက်ပြောပြမှာပါ။