ဟောင်ကောင်အရေးကြောင့် ဗြိတိန်နဲ့ တရုတ်ကြား တင်းမာ

ဗီဒီယို ပုံစာ, ဟောင်ကောင်အရေးကြောင့် ဗြိတိန်နဲ့ တရုတ်ကြား တင်းမာ
ရေးသားခဲ့သည်။

ဟောင်ကောင်က ဆန္ဒပြပွဲတွေနဲ့ပတ်သက်လို့ တရုတ်နဲ့ဗြိတိန်တို့အကြား အပြန်အလှန် သူတင်ကိုယ်တင် ပြောဆိုနေကြပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဂျယ်ရမီဟန့်က တရုတ်အနေနဲ့ ဟောင်ကောင်နေ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ထိပါး လာရင် မလိုလားအပ်တဲ့အကျိုးဆက်တွေရှိလာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ဘေကျင်းဘက်ကလည်း ဗြိတိန်ဟာ ကိုလိုနီခေတ်လို စိတ်ကူးယဉ်ပြီး စွက်ဖက်ချင်နေတယ်လို့ စွတ်စွဲပါတယ်။

ဟောင်ကောင်အရေးကနေ ဖြစ်လာနေတဲ့ ဗြိတိန်နဲ့ တရုတ်အကြား ဆက်ဆံရေး တွေကို ကိုရင်မောင်က ပြောပြမှာပါ။