ဗီယက်နမ်လို မြောက်ကိုရီးယား လုပ်နိုင်မလား
ရေးသားခဲ့သည်။
ဗီယက်နမ်မှာ အမေရိကန် သမ္မတဒေါ်နယ် ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ ဒုတိယ အကြိမ်မြောက် တွေ့ဆုံ ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လ နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံကြခြင်းလည်းဖြစ်ပါတယ်။
ဝေဖန်သူတွေကတော့ ဇွန်လ တွေ့ဆုံပွဲနောက်ပိုင်း နျူကလီးယား ဖျက်သိမ်း ရေး ကိစ္စတွေမှာ တိုးတက်မှု သိပ်မရှိလှဘူးလို့ ဆိုနေကြပါတယ်။
အမေရိကန်ဘက်ကတော့ ဗီယက်နမ်လို စျေးကွက် စီးပွားရေးနဲ့ အောင်မြင်နေတဲ့ ကွန်မြူနစ် နိုင်ငံမှာ ဒီဆွေးနွေးပွဲကို ကျင်းပပြီး စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ နျူကလီးယား လဲလှယ်ဖို့ စည်းရုံးနိုင်မယ်လို့မျှော်လင့်ထားပါတယ်။ မသီဒါနွယ်က ဆက်ပြောပြမှာပါ။