အာဖဂန်အစိုးရတပ်နဲ့ တာလီဘန်တွေ တိုက်ပွဲပြင်းထန်
ရေးသားခဲ့သည်။
အာဖဂန်နစ္စတန် မြောက်ပိုင်းက ဖာယပ်ဘ် ပြည်နယ်ထဲမှာ ရှိတဲ့စစ်အခြေစိုက်စခန်း တခုကို တာလီဘန် စစ်သွေးကြွတွေက သိမ်းပိုက်ခဲ့ကြပါတယ်။
၂ ရက်လောက် တိုက်ပွဲတွေအကြီးအကျယ် ဖြစ်ခဲ့ကြပြီး စစ်သား ၁၇ ဦးကျဆုံးပြီး ကျန်နေတဲ့ တပ်ဖွဲ့ဝင် ၅၀ လောက်က တင့်ကားတွေ လက်နက်တွေနဲ့ အတူ စစ်သွေးကြွတွေဆီမှာ လက်နက်ချခဲ့ကြတယ်လို့ ဒေသ အာဏာပိုင်တွေက ပြောပါတယ်။
တချိန်တည်းမှာပဲ နိုင်ငံအရှေ့တောင်ပိုင်းမှာရှိတဲ့ ကာဘူးလ်မြို့တော်နဲ့ကီလိုမီတာ ၁၆၀ အကွာက ဂါဇနီမှာလည်း တိုက်ပွဲတွေ ဖြစ်နေတာ ၅ ရက် ရှိလာပြီဖြစ်ပြီး တိုက်ပွဲတွေအကြားမှာ အရပ်သူ အရပ်သားတွေ ပိတ်မိနေကြပါတယ်။
ဂါဇနီကို တာလီဘန်က ရသွားမယ်ဆိုရင် အာဖဂန် တောင်ပိုင်းကို ကာဘူးလ်နဲ့ အဆက်ဖြတ်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ မရီရီအောင်က ပြောပြမှာပါ။