ငလျင် - အသေအပျောက်များရတဲ့အချက် ၇ ချက်
ဖိလစ်ပိုင်နိုင်ငံမှာ ပြင်းအား ၇.၈ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု ဒီနေ့မနက်ပိုင်းမှာ မင်ဒါနာအိုကျွန်း ကမ်းလွန်ကို ဗဟိုပြု လှုပ်ခတ်သွားပါတယ်။
ငလျင်ကြောင့် ဖိလစ်ပိုင်အပြင် အင်ဒိုနီးရှားနဲ့ ဂျပန်တို့မှာလည်း ဆူနာမီရေလှိုင်းသတိပေးချက်ကို ထုတ်ပြန်ထားပါတယ်။
ငလျင်ကြောင့် အဆောက်အဦတွေ ပြိုကျ ပျက်စီးတယ်လို့ သတင်းတွေပေါ်နေပေမဲ့ ထိခိုက်သေဆုံးမှုအရေအတွက်ကို တိတိကျကျ မသိရသေးပါဘူး။
AFP သတင်းဌာနကတော့ ငလျင်ကြောင့် လူ ၁ ဦး သေဆုံးတယ်လို့ သတင်းရေးသားပါတယ်။
ဖိလစ်ပိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလတုန်းကလည်း စီဘူးမြို့မှာ အားပြင်း တဲ့ ငလျင်ကြောင့် လူပေါင်း ၇၀ ကျော် သေဆုံးပါတယ်။
စီဘူးငလျင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ လောက်ကတည်း အင်အားပြင်းပြင်းနဲ့မလှုပ်ရှားတဲ့ မြေလွှာပြတ်ရွေ့ကြော အားပြင်းပြင်းနဲ့ရွေ့တာကြောင့် အခုလောက်ပြင်းထန်ခဲ့တာလို့ ဖိလစ်ပိုင် မီးတောင်နဲ့ငလျင်လေ့လာရေးဌာန အကြီးအကဲက ပြောခဲ့ပါတယ်။
ငလျင်တစ်ခု လှုပ်ခတ်တဲ့အခါ လူသေဆုံးမှု အရေအတွက်နဲ့ ပျက်စီးမှု အဆင့်ကို သက်ရောက်စေတဲ့အကြောင်းအရာတွေထဲက ၇ ချက်နဲ့ တိုင်းတာပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။