မရမ်းကုန်းမှာ ခပ်ခွာခွာ တန်းစီဖို့ခက်
မရမ်းကုန်းမြို့နယ်မှာ ကျောင်းဝန်းတခုထဲမှာ မဲရုံ လေးရုံပေါင်းထားတာကြောင့် မဲပေးသူတွေ မဲရုံ မဖွင့်ခင် တစ်နာရီ ကြိုရောက်ပြီး မနက် ၅ နာရီ ကတည်းက လာတန်းစီနေကြပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၀ မြန်မာရွေးကောက်ပွဲ သတင်းများ တင်ဆက်မှု
မရမ်းကုန်းမြို့နယ်မှာ ကျောင်းဝန်းတခုထဲမှာ မဲရုံ လေးရုံပေါင်းထားတာကြောင့် မဲပေးသူတွေ မဲရုံ မဖွင့်ခင် တစ်နာရီ ကြိုရောက်ပြီး မနက် ၅ နာရီ ကတည်းက လာတန်းစီနေကြပါတယ်။
ဒီကနေ့ စက်ရုံ၊အလုပ်ရုံတွေ ပိတ်လို့ လှိုင်သာမြို့နယ်က စက်ရုံအလုပ်သမားတွေလည်း မဲပေးကြမှာ ဖြစ်ပါတယ်။
ဒီမြို့နယ်မှာ တခြားဒေသတွေက လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အများအပြားရှိပါတယ်။
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်က မနက်စောစော မဲရုံစဖွင့်ချိန် မဲပေးကြမယ့်သူတွေပါ။
ကိုဗစ်ကပ်ကာလ ဖြစ်တာကြောင့် မဲရုံကို ဝင်ဖို့ ခပ်ခွာခွာ တန်းစီကြရပါတယ်။
မြန်မာနိုင်ငံအနှံ့က မဲရုံတွေမှာ မနက် ၆ နာရီ မဲရုံ စဖွင့်ချိန် မဲပေးဖို့ စရောက်လာကြပါပြီ။
မုံရွာမြို့က မဲဆန္ဒရှင်တွေ မဲရုံဖွင့်ချိန် မဲစပေးဖို့ ရောက်လာကြတာ ဖြစ်ပါတယ်။
မင်္ဂလာ မနက်ခင်းပါ။ ၂၀၂၀ မြန်မာ အထွေထွေ ရွေးကောက်ပွဲသတင်းတွေ တိုက်ရိုက်တင်ဆက်မှု စတင်ပါပြီ။
မဲရုံတွေ စဖွင့်ချိန် မနက် ၆ နာရီက စလို့ မဲရုံတွေမှာ မဲပေးကြပုံတွေနဲ့ရွေးကောက်ပွဲနေ့ တစ်လျှောက်လုံး ဖြစ်ပေါ်တိုးတက်မှုတွေကို အချိန်နဲ့ တစ်ပြေးညီ တင်ဆက်မှာ ဖြစ်ပါတယ်။
ဘီဘီစီမြန်မာပိုင်း သတင်းထောက်တွေရဲ့ သတင်းပေးပို့မှုတွေကို ဘီဘီစီရဲ့ ဖေ့စ်ဘွတ်ခ်၊ ယူကျုနဲ့ ရေဒီယို တို့မှာလည်း တင်ဆက်မှာ ဖြစ်ပါတယ်။